NLD အမတ်တွေဖမ်းခံရမှု ရခိုင်အင်အားစုတွေအမြင်၊ ကိုဗစ်ကုသဆေး မျှော်လင့်ချက်သီတင်းပတ် - BBC News မြန်မာ

ဒီတစ်ပတ်ထိပ်တန်းရောက်သတင်းတွေကတော့ တောင်ကုတ်မှာ မဲဆွယ်တုန်း ဖမ်းဆီးခံခဲ့ရတဲ့ NLD အမတ်လောင်းသုံးဦး ကိစ္စ ဘာတွေဆက်ဖြစ်လာနိုင်မလဲ။ ဒီကိစ္စကြောင့် ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲ ကျင်းပနိုင်မယ့်အခြေအနေတွေကို သက်ရောက်မှုရှိလာနိုင်မလား။ တစ်ခါ ကိုဗစ်ပြင်းထန်လူနာတွေမှာ ကုသပေးတဲ့ ရမ်ဒမ်ဆီးဗားဆေး ဆိုတာဘာလဲ။ ဒီဆေးက ကိုဗစ်ဘယ်လိုလူနာတွေကို သုံးစွဲကုသတာလဲ။ WHO ကပြောလာတဲ့ ဒီဆေးဟာ ကိုဗစ်လူနာတွေအပေါ်မှာ ထိရောက်မှုမရှိဘူးဆိုတဲ့ တွေ့ရှိချက်ကြောင့် ကုသရေးမှာမျှော်လင့်ချက်မရှိတော့တာလား။ လက်တွေ့သုံးပြီးကုသနေသူတွေရဲ့ အတွေ့အကြုံ စတာတွေကို ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေနဲ့အတူ စုစည်း တင်ဆက်ထားတဲ့ တစ်ပတ်အတွင်း သတင်းမြင်ကွင်း အစီအစဉ်မှာ ကြည့်ရှုနိုင်ပါပြီ။

တင်ဆက် - အေးသူစံ၊ တည်းဖြတ် - ဝင်းကျော်သူ

ဘီဘီစီမြန်မာပိုင်း

Keyword most popular