အင်ဒိုနီးရှားမှာ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ - BBC News မြန်မာ

၁၃ ဇန်နဝါရီ ၂ဝ၂ဝ - ဘီဘီစီမြန်မာတီဗီ

သမ္မတ ထရမ့်ကို ရာထူးက ဖြုတ်ချနိုင်ရေး ဒုတိယအကြိမ်မြောက် တရားစွဲဆိုမှုကို ထောက်ခံအားပေးသွားမယ်လို့ အမေရိကန် ရီပတ်ဘလစ်ကန်ပါတီက ထိပ်ပိုင်းခေါင်းဆောင်တချို့က ပြော၊

လူငယ်တွေကို အဓိကထား ထိုးပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးပေးမှု အစီအစဉ် အင်ဒိုနီးရှားမှာ စတင်၊

တရုတ်နည်းပညာ ကုမ္ပဏီကြီး ဟွာဝေးဟာ လမ်းသွားလမ်းလာတွေထဲကနေ ဝိဂါမွတ်ဆလင်တွေကို သိနိုင်မယ့် စနစ်တခုကို မူပိုင်ခွင့်မှတ်ပုံတင်ထား၊

စထားထစ်တာကို ကျော်လွှားနိုင်ခဲ့တဲ့ ပထမဆုံး အမေရိကန် သမ္မတ ဖြစ်လာမယ့် ဂျိုးဘိုင်ဒန်၊

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ညီမဖြစ်သူက တောင်ကိုရီးယားအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်၊

ောင်ကိုရီးယားနိုင်ငံတွင်း ကိုဗစ်ပိုး အဓိက ကူးစက်ခဲ့တဲ့ ဘာသာရေးခေါင်းဆောင် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်မှု ဥပဒေတွေကို ချိုးဖောက်ခဲ့မှုနဲ့ အပြစ်မရှိကြောင်း တွေ့ရှိခဲ့တဲ့ အကြောင်းနဲ့ နောက်ဆုံးရ သတင်းတွေ၊ စိတ်ဝင်စားဖွယ် အစီအစဉ်တွေကို ရှုစားရမှာပါ။

#ဘီဘီစီမြန်မာပိုင်း #ကိုရိုနာဗိုင်းရပ်စ် #အမေရိကန် #တရုတ် #အင်ဒိုနီးရှား #ကာကွယ်ဆေး #ကိုဗစ် #ဂျိုးဘိုင်ဒန် #မြောက်ကိုရီးယား #တောင်ကိုရီးယား #ကင်ဂျုံအွန်း

Keyword most popular