လူငယ်အမတ်လောင်းပေမယ့် အားသာချက်တွေ ရှိတယ် ဆိုတဲ့ ဓနု အမျိုးသမီးငယ် - BBC News မြန်မာ

"လူငယ်ပေမယ့် အားသာချက်တွေ ရှိနေတယ်" - ဓနု အမျိုးသမီးငယ် လွှတ်တော်ကိုယ်စားလှယ်လောင်း

ဓနု လူငယ် အမျိုးသမီး အဖြစ် ရွေးကောက်ပွဲ နိုင်ငံရေးလမ်း ကို ဘာကြောင့် ရွေးချယ်ခဲ့ရလဲ။ တိုင်းရင်းသား လူငယ် အမျိုးသမီးတစ်ဦးရဲ့ လှုပ်ရှားတက်ကြွနေတဲ့ အသံတွေကို နားထောင်ကြည့်ရအောင်ပါ။

နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ပါတီတချို့က မျက်နှာသစ် အမတ်လောင်းတွေကို တွေ့ဆုံမေးမြန်းနေတဲ့ ဘီဘီစီမြန်မာပိုင်းရဲ့ အစီအစဉ်မှာ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ကိုယ်စားပြု ပြီး ရှမ်းပြည်နယ်လွှတ်တော် အတွက် ကလောမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကနေ ဝင်ရောက် အရွေးချယ်ခံဖို့ ရှိတဲ့ ကိုယ်စားလှယ်လောင်း ဒေါ်အိမ့်မှူးခင် က ရွေးကောက်ပွဲ ဝင်ပြိုင်ရတဲ့အကြောင်းနဲ့ သူ့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေကို ပြောပြထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း #အိမ့်မှူးခင် #၂၀၂၀ရွေးကောက်ပွဲ #DNDP #Danu #ဓနု

Keyword most popular